Map Graph

ရွှေဘိုရွာ၊ ဂန့်ဂေါမြို့နယ်

ရွှေဘိုရွာ သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၂၁၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရွှေဘိုကျေးရွာအုပ်စုတွင် ကျား ၁၆၀၃ ဦး၊ မ ၁၆၆၆ ဦး၊ လူဦးရေ စုစုပေါင်း ၃၂၆၉ ဦးနေထိုင်သည်။ ၂၀၂၄ ဧပြီလ ၁၆ ရက်နံနက် က အာဏာလုစစ်တပ်လက်အောက်ခံ ပျူစောထီး ပြည်သူ့စစ် အင်အား ၂၀၀ ခန့်ပါသည့် စစ်ကြောင်းသည် အိမ်ခြေ ၅၀၀ နီးပါးရှိ ရွှေဘိုရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ဝင်ရောက်လုယက်ပြီး အရပ်သား နေအိမ် ၂၆၆ လုံးကို (တတိယအကြိမ်) မီးရှို့၍ အရပ်သား ၂ ဦး ဖြစ်သည့် မျက်စိမမြင်၊ နားမကြားသဖြင့် ထွက်မပြေးနိုင်သူ အသက် ၈၀ အရွယ် ဦးသာနွယ်နှင့် အသက် ၄၀ အရွယ် ခန့်ရှိ အမျိုးသားတစ်ဦးတို့ကိုလည်း ညှင်းပန်း နှိပ်စက် သတ်ဖြတ်သွားခဲ့သည်။ ၂၀၂၄ ‌မေလ ၃၀ ရက် နံနက်တွင် ပျူစောထီး အင်အား သုံးရာကျော် က ရွှေဘိုရွာသို့ ဝင်ရောက် လုယက်ပြီး ‌‌အရပ်သားနေအိမ် ၆၆ လုံးကို မီးရှို့ဖျက်ဆီးကာ အသက် ၂၆ နှစ် အရွယ် စိတ်ကျန်းမာ‌ရေးဝေဒနာသည် ကိုဇင်မျိုးဝင်းကို ခေါင်းဖြတ်သတ်ခဲ့သည်။

Read article